လင်စန်း ကျန့်ခန်း: ရဲနှင့်ပြည်သူပူးပေါင်းကာ တောရိုင်းကျားသစ်ပေါက်အား ကူညီကယ်ဆယ်ခဲ့
2023-03-24 source:Mingala news


မကြာသေးမီက လင်စန်းမြို့ ယင်ဖန်ရွာတွင် ရွာသားတို့က ကျားသစ်ပေါက် နှစ်ကောင်အား တွေ့ရှိခဲ့ပြီး မိခင်၏ ကာကွယ်စောင့်ရှောက်မှုမရှိသဖြင့် ကျားသစ်လေးနှစ်ကောင်၏အသက်မှာ စိုးရိမ်ရသည်။ ထို့ကြောင့် ရွာသားများက ၄င်းတို့အား ဒေသခံရဲစခန်းသို့ ပို့ဆောင်ပြီး ရဲနှင့်ပြည်သူပူးပေါင်းကာ ကူညီကယ်ဆယ်မှုကို လုပ်ဆောင်ခဲ့ကြသည်။ ဒေသခံရဲများက နို့မှုန့်များဝယ်လာကာ ကျားသစ်လေးနှစ်ကောင်အား တိုက်ကျွေးခဲ့ပြီး သုံးလေးရက်အကြာတွင် သူတို့၏အစာမှာ ဒေသခံရဲများ ငါးအရိုးများကို ဂရုတစိုက်ဖယ်ရှားပေးထားသည့် ငါးအစိမ်းများ ဖြစ်လာခဲ့သည်။ ကျားသစ်မှာ နိုင်ငံတော် ဒုတိယအဆင့် အကာကွယ်ခံ တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ဒေသခံရဲများ၏ ပြောကြားချက်အရ ဤကောင်လေးနှစ်ကောင် ကိုယ်တိုင်အသက်မွေးနိုင်သည့်အချိန်သို့ရောက်လျင် သဘာဝတရားကြီးဆီသို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။