ဟုန်ဟော် ရှီဖျင်: ဧကသောင်းချီရှိသော ဂျုံခင်းများ၏ အစိမ်းရောင်လှိုင်းလုံးများ လိမ့်တက်နေပုံမှာ ပန်းချီကားလိပ်ပမာလှပ
2023-03-23 source:Mingala news


နွေဦးရာသီ မတ်လတွင် ယူနန်ပြည်နယ် ရှီဖျင်ခရိုင် လုံဟေးတောင်၏ ဧကတစ်သောင်းရှိသော တောင်မြေရှိ ဂျုံခင်းများသည် သန်မာစွာ ကြီးထွားလျက်ရှိသည်။ လေတိုက်သည်နှင့် ဂျုံလှိုင်းလုံးများသည် လယ်ကွင်းပန်းချီပမာ  အသက်စွမ်းအင်များဖြင့် ပြည့်ဝလျက်ရှိသည်။ လုံဟေးတောင်၏ ဂျုံခင်းများသည် မနှစ်က နိုဝင်ဘာလတွင် ထွန်ယက်စိုက်ပျိုးပြီး ယခုနှစ် မေလတွင် ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းထားသည်။