သယ်ဟုန်လုံချွမ်းသို့လာကာ များပြားစုံလင်သော အမွေအနှစ်အတတ်ပညာပြပွဲကို ကြည့်ရှုလှည့်ပါ
2023-03-17 source:Mingala news



မတ်လ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ လုံချွမ်းခရိုင်တွင် ၁၃ကြိမ်မြောက်(၂၀၂၃ခုနှစ်) ပျော်ရွှင်စရာမနောပွဲတော်ကို ကျန်းဖုန့်တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ လှုပ်ရှားမှုအသီးသီး၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အတတ်ပညာပြပွဲသည် ရင်ပြင်တစ်ခုလုံး၏ စုဝေးရာနေရာဖြစ်ခဲ့သည်။ ယခုတစ်ခေါက်အမွေအနှစ်ပြပွဲသည် လုံချွမ်းခရိုင်မှ အမွေအနှစ်ကိုယ်စားပြု ဆက်ခံသူ ၃၈ဦးနှင့် ရိုးရာလက်မှုပညာသည် ၁၀ယောက်ကျော်ကို ဖိတ်ခေါ်ကာ ပြသခဲ့သည်။ ပွဲအတွင်းသရုပ်ပြခြင်း၊ ဖော်ပြခြင်း၊ ချပြခြင်းနှင့် တွေ့ကြုံခံစားခြင်းမှတစ်ဆင့် ပိုမိုကျယ်ပြန့်သောလူထုအား အမွေအနှစ်အတတ်ပညာနှင့် အမွေအနှစ် အသိပညာတို့ကို ဖြန့်ဝေမိတ်ဆက်ပေးခဲ့ပြီး လူထုထံမှ တက်ကြွသော ကြိုဆိုမှုနှင့် မှတ်ချက်ကောင်းများ ရရှိခဲ့သည်။