ဟုန်ဟော် တိုင်လူမျိုးစု သင်္ဘောသီးချဉ်ဖတ် ဤအရသာမှာလန်းဆန်းစေ
2023-03-15 source:Mingala news


သင်္ဘောသီးအား ချဉ်ဖတ်လုပ်စား၍ရသည်ကို သင်စားဖူးပါသလား။ လွိချွင်းခရိုင် တိုင်လူမျိုးစုအိမ်တွင် သင်္ဘောပင်မှာ ဘယ်နေရာမဆိုတွေ့နိုင်လေသည်။ ဤနေရာ၏ တိုင်လူမျိုးစုများမှာ သင်္ဘောသီးအစိမ်းကို ချဉ်ဖတ်တည်ကာ ဟင်းအဖြစ်သုံးဆောင်ရသည်ကို နှစ်သက်ကြသည်။ ငရုတ်သီးအစရှိသည့် ဟင်းခတ်တို့ကိုရောကာ သင်္ဘောသီးချဉ်ဖတ်မှာ ကြွတ်ဆတ်ကာခံတွင်းရှင်းစေပြီး စားလေမွှေးလေဖြစ်သည်။ တိုင်လူမျိုးစုမိန်းကလေးလီဟန်လိသည် အသက်အရွယ်မကြီးလှသော်လည်း သင်္ဘောသီးချဉ်ဖတ်လုပ်ရာတွင် လက်ရာကောင်းလှသည်။ သင်္ဘောသီးချဉ်ဖတ်စိမ်သည့်ရာသီကို ရောက်တိုင်း သူသည် လတ်ဆတ်သောသင်္ဘောသီးများကိုခူးကာ အချဉ်တည်ပြီး ဆွေမျိုးမိတ်ဆွေများကို ဧည့်ခံလေ့ရှိသည်။