ပေါင်ရှန်း ရှီးတျန့် : နွေဦးရာသီတွင်းရှိ စားသောက်ပွဲပိုးစာသီးစားပွဲ
2023-03-14 source:Mingala news


နွေဦးမိုးရွာပြီးနောက် ပိုးစာသီးအရွက်များ ပိုးစာသီးပန်းများ အညှောင့်များ ထွက်လာပြီဖြစ်သည်။ ပိုးစာရွက်များသည် လတ်ဆတ်နူးညံ့ကာ မွှေးပျံ့ပြီး ပိုးစာပန်းများသည် ချိုမြကာ ကြွပ်ရွပြီးအရသာရှိသည်။ ပိုးစာရွက်စားပွဲ တစ်စားပွဲဖြင့် နွေဦး၏အရသာကို မြည်းစမ်းလိုက်ပါ။
ပိုးစာရွက်စားပွဲအစစ်သည် ပိုးစာရွက်ကြက်ပေါင်း၊ ပိုးစာရွက်အသားလိပ်၊ ပိုးစာညွန့်နံရိုးကြော်၊ ပိုးစာရွက်မျှင်အသားနယ်၊ ပိုးစာညွန့်ချဉ်၊ ပိုးစာရွက်ကြက်ဥမုန့်၊ ပိုးတုံးလုံးဆီကြော်ရှစ်မျိုးဟင်းနှင့် ပိုးစာပွင့်ဟင်းချိုတို့ပါဝင်ပါသည်။ စားအကောင်းဆုံးမှာ ပိုးစာရွက်ကြက်ပေါင်းဖြစ်ပြီး ပိုးစာရွက်ကို ကြက်ဗိုက်အတွင်း သိပ်ထည့်ကာ အရသာနယ်ပြီးနောက် အိုးအတွင်းထည့်ပြီး မီးအေးအေးဖြင့် ၃နာရီနီးပါးပေါင်း ပေါင်းပြီးထွက်လာသော ကြက်သားတွင် ပိုးစာရွက်မွှေးရနံ့သင်းသင်း ထွက်နေဆဲဖြစ်သည်။