ဟုန်ဟော် အရောင်စုံနွေဦးပန်းများက လှေကားထစ်စိုက်ခင်းများကို ဆီဆေးပမာလှပအောင် အလှဆင်ထား
2023-03-14 source:Mingala news


ဟုန်ဟော်ဒေသ ဟုန်ဟော်ခရိုင်၏ ချယ်ရီပန်းတောင်ကြားသည် ချယ်ရီပန်းကြည့်ရန် အကောင်းဆုံး အချိန်ကို ရောက်ရှိလာပြီဖြစ်သည်။ လှေကားထစ်စိုက်ခင်းများ၏ဘေးတွင် နှစ်ပေါင်းတစ်ရာရှိသော အပင်တစ်ပင်တိုင်းရှိချယ်ရီပန်းများသည် လေထဲတွင် ပွင့်လန်းနေကြသည်။ လေပြေညင်းညင်း တိုက်ခတ်ချိန်တွင် ပန်းပွင့်ဖတ်များမှာ မိုးဖွဲလေးများပမာ လွင့်ပျံနေကြသည်။ လယ်ကွင်းဘေးသို့ ကျဆင်းကာ ခရီးသွားဧည့်သည်တို့၏ ပုခုံးပေါ်သို့ ကျဆင်းကာ လောကနိဗ္ဗာန်ပမာဖြစ်လေသည်။