ဖေဖော်ဝါရီ ၇ရက်တွင် တရုတ်အစိုးရသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယန္တရားကို ချက်ချင်းစတင်ခဲ့ပြီး တူရကီနှင့် ဆီးရီးယားတို့အား အရေးပေါ်အကူအညီများပေးရန် ဆုံးဖြတ်ခဲ့သည်။ ပထမအသုတ်အနေဖြင့် တူရကီနိုင်ငံသို့ အရေးပေါ်အကူအညီ ယွမ်ငွေ သန်း ၄၀ ပေးအပ်မည်ဖြစ်ပြီး မြို့ပြကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအဖွဲ့များ စေလွှတ်ကာ တူရကီအတွက် အရေးပေါ်လိုအပ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်သည်။ ဆီးရီးယားနိုင်ငံသို့ အရေးပေါ်လိုအပ်သော သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လက်ရှိ စားနပ်ရိက္ခာ ထောက်ပံ့ရေး ပရောဂျက်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။