ယူနန် ချွီကျင့် ရှင့်ယိ ပိုလီဆီလီကွန် ပရောဂျက်ပထမအဆင့် လုပ်ငန်းစတင်
2023-02-08 source:Mingala news


ယခုနှစ်များအတွင်း ချွီကျင့်မြို့သည် ၁၀၀ဘီလီယံအဆင့် အစိမ်းရောင်ဆီလီကွန် ဆိုလာလုပ်ငန်းအဖွဲ့အစည်းကို အားကုန်အင်ကုန် တည်ဆောက်နေခဲ့သည်။ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ချွီကျင့်မြို့ ချီလင်စက်မှုဝန်း၌ ရှင့်ယိ ပိုလီဆီလီကွန် ပရောဂျက်ပထမအဆင့် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ ယခုတစ်ခေါက် လုပ်ငန်းစတင်သော ပရောဂျက်ပထမအဆင့်၏ ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၆ဘီလီယံရှိပြီး အီလက်ထရွန်းနစ်အဆင့် ပိုလီစီလီကွန်တန်ချိန် ၆၀၀၀၀ နှင့် ဆီလီကာ တန်ချိန် ၁၀၀၀၀ နှစ်စဉ်ထွက်ရှိမည့် ထုတ်လုပ်မှုလိုင်းကို တည်ဆောက်ရန် စီစဉ်နေပြီး ပရောဂျက်သစ် တည်ဆောက်မှု အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်။