စစ်ဆောင်ပန်းနား မုန်ဟိုင်ခရိုင်ရှိ လူမျိုးစုတိုင်းက ၂၀၂၃ခုနှစ် “လားဟူကူး”ပွဲတော်ကို ကျင်းပကြ
2023-02-08 source:Mingala news


ဖေဖော်ဝါရီလ ၅ရက်နေ့တွင် မုန်ဟိုင်ခရိုင်၌ လားဟူမျိုးနွယ်စု သွေးချင်းညီအစ်ကိုများနှင့်  လူမျိုးစုတိုင်းက အဝတ်သစ်များဝတ်ဆင်ကာ သီဆိုကခုန်ကြ၍ ၂၀၂၃ခုနှစ် “လားဟူကူး”ပွဲတော်ကို ကျင်းပခဲ့ကြသည်။ “လားဟူကူး”ပွဲတော်သည် လားဟူလူမျိုးစုတို့၏  ရိုးရာပွဲတော်ဖြစ်သည်။ ပွဲအချိန်အခါတွင် လားဟူလူမျိုးစုအိမ်တိုင်း၌ ဆန်အရက်များချက်ကြ ဆန်မုန့်များထောင်းကြပြီး ဂျင်ပေါက်ခြင်း ဒူးလေးပစ်ခြင်း သီဆိုကခုန်ခြင်း လားဟူလဘက်ရည်နှပ်လက်ရာအစရှိသည့် ယဉ်ကျေးမှုပွဲတော်များကို ကျင်းပကြသေးသည်။ သာယာနာပျော်ဖွယ်ရှိသော လူရှန်း(လေမှုတ်တူရိယာတစ်မျိုး)နှင့် စန်းရှန်း (ကြိုးသုံးချောင်းတပ်တူရိယာ)တို့နှင့်အတူ လူတိုင်းသည် မီးပုံဘေးတွင် ဝိုင်းပတ်ကာ ကခုန်သီဆိုနေကြသည်။