ဝမ်ရှန်း ယန့်ရှန်း ကျွမ့်လူမျိုးစု၏ ယွမ်ရှောင်းမီးပုံးပွဲတော်စံနှုန်း——လက်လုပ်ရောင်စုံ မုန့်လုံးရေပေါ်
2023-02-07 source:Mingala news


ယွမ်ရှောင်းမီးပုံးပွဲတော်ကို ရှန့်ယွမ်ပွဲတော်ဟုလည်းခေါ်သည်။ မုန့်လုံးရေပေါ်စားခြင်းသည် ယွမ်ရှောင်းမီးပုံးပွဲတော်၏ ရိုးရာဓလေ့ဖြစ်သည်။ ယန့်ရှန်းခရိုင်တွင် ယွမ်ရှောင်းပွဲတော်ရောက်တိုင်း ကျွမ့်လူမျိုးစု ချွေးမနှင့် သမီးတို့မှာ ပြည့်ပြည့်ဝဝဖြစ်စေရန်ရည်ရွယ်၍  ရောင်စုံမုန့်လုံးရေပေါ်ကို ပြုလုပ်ကြသည်။

မနက်ခင်းနှင်းစက်များ မပျောက်ပျက်သေးခင်တွင် ကျွမ့်လူမျိုးစု ချွေးမနှင့် သမီးများသည် တောင်ထက်သို့လာကာ ရောင်စုံမုန့်လုံးရေပေါ်များပြုလုပ်ရန် ပါဝင်ပစ္စည်း ဆိုးဆေးမြက်များကို ရှာဖွေကြသည်။ မတူညီသောအရောင်များကို တွဲဖက်၍ရမည့် သဘာဝရောင်ခြယ်ပစ္စည်းများ အပါအဝင်ဖြစ်သည်။ ကောက်ညှင်းမှုန့်အလယ်တွင် အပင်ထွက်ပါဝင်ပစ္စည်းများကို ထည့်ပြီးနောက် အလုံးကလေးများလုံးကြသည်။ ရောင်စုံမုန့်လုံးရေပေါ်မှာ ကြည်လင်တောက်ပကာ ကိုက်လိုက်လျင် ကောက်ညှင်းရနံ့သင်းပျံ့လှသည်။