စစ်ဆောင်ပန်းနား၏ငါးဖမ်းယဉ်ကျေးမှုပွဲတော်
2023-01-31 source:Mingala news


လက်ရှိတွင်ဆယ်ကြိမ်မြောက်ငါးဖမ်းယဉ်ကျေးမှုပွဲတော်ကိုမုန်ကျယ်မြို့တွင်စတင်ကျင်းပခဲ့သည်။အရပ်လေးမျက်နှာမှခရီးသွားများသည်“ငါးမျှားခြင်း၏ပျော်ရွှင်မှု”ကိုခံစားရန်မန့်လန်ရွာတွင်စုဝေးလာကြသည်။ငါးဖမ်းပွဲသည်ငါးကခုန်လူကပျော်သောမြင်ကွင်းတစ်ခုဖြစ်သည်။《တိုင်ကျေးလက်အလှ》《တိုင်အိမ်မှသမီးငယ်》အစရှိသောအစီအစဉ်များသည်ခရီးသွားတို့အားလှပခမ်းနားသောအကအလှများဖြင့်တင်ဆက်လျက်ရှိသည်။ပွဲတော်အငွေ့အသက်များမှာပြင်းထန်လှပြီးရိုးရာလက်မှုပစ္စည်းများနှင့်အရသာရှိလှသောစားကောင်းသောက်ဖွယ်တို့မှာမျက်စိကျိန်းစရာပင်ဖြစ်သည်။ဤပွဲတော်သည်မုန်ကျယ်မြို့၏“အပန်းဖြေစိုက်ပျိုးရေးခရီးသွားလုပ်ငန်းအမှတ်တံဆိပ်”အရပြောရမည်ဆိုလျင်စမှတ်တစ်ခုပင်ဖြစ်သည်။