ဝမ်ရှန်း:ရီလူမျိုးစု၏ပန်းထိုးလက်ရာယုန်ကလေးများ၏ချစ်စရာအငွေ့အသက်များပြည့်နှက်နေ
2023-01-31 source:Mingala news


မကြာသေးမီကယူနန်ပြည်နယ်ပန်းထိုးလက်ရာတွင်နာမည်ကျော်သောပိုင်ရှားဖောရွာ၏ဟွာယွင့်ပန်းထိုးအလုပ်ရုံမှပန်းထိုးသမများ၏ကျွမ်းကျင်သောလက်များအောက်တွင်ချစ်စရာအငွေ့အသက်များပြည့်နှက်နေသောယုန်ငယ်လေးများမှာမျက်စိရှေ့တွင်အလျင်အမြန်ထွက်ပေါ်လာခဲ့သည်။တာဝန်ရှိသူ၏မိတ်ဆက်ပေးမှုအရပန်းထိုးယုန်ကလေးများမှာယုန်နှစ်၏ကံကောင်းမှုကိုဖော်ညွှန်းပြီးပန်းထိုးယုန်ဖြူဖိနပ်လေးများကိုမီလန်သို့တင်ပို့ခဲ့ကာပထမအသုတ်တွင်အစုံနှစ်သောင်းရောင်းချခဲ့ရသည်။ဟွာယွင့်ပန်းထိုးယဉ်ကျေးမှုသည်ကျေးလက်နေထောင်ပေါင်းများစွာသောအမျိုးသမီးများဖြင့်ပန်းထိုးလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်စေခဲ့ပြီးပန်းထိုးအပ်များကိုအသုံးပြုကာကြွယ်ဝချမ်းသာလာစေခဲ့သည်။၂၀၁၇ခုနှစ်တွင်ပန်းထိုးခြင်းသည်ယူနန်ပြည်နယ်အဆင့်အမွေအနှစ်စာရင်းတွင်ဝင်ရောက်ခဲ့သည်။