ဝမ်ရှန်းမာလိဖော:တိုင်အရသာစားကောင်းသောက်ဖွယ်များကိုမြည်းစမ်းကာနွေဦးပွဲတော်ကိုကြိုဆိုပါ
2023-01-19 source:Mingala news


နှစ်သစ်ကူးနီးလာသည်နှင့်အမျှချန်ဇစ်ရှန့်ရွာ၊မာလိဖောတွင်တိုင်လူမျိုးများသည်နွေဦးပွဲတော်ကိုကြိုဆိုရန်စုံလင်လှသောတိုင်အရသာဟင်းလျာများပြင်ဆင်ရင်းဖြင့်အလုပ်များနေကြသည်။တိုင်မျိုးနွယ်စု၏အရသာကိုပြောရမည်ဆိုလျင်ဒေသအစားအစာဒံပေါက်ကိုချန်ထားခဲ့၍မရပေ။လျှို့ဝှက်နည်းဖြင့်ပြုလုပ်သောတိုင်အရသာဘဲသားအေး၊ချဉ်စပ်ကာခံတွင်းမြိန်သောကြက်သံပုရာတို့သည်လည်းအရသာတစ်မျိုးထူးလှသည်။မကြာခင်မှာပင်အရောင်အဆင်းအနံ့အရသာပြည့်စုံသောတိုင်အရသာစားကောင်းသောက်ဖွယ်များကိုစားပွဲပေါ်တွင်ခင်းကျင်းကာရွာသားတို့အားပျော်ရွှင်မှုတို့ဖြင့်ပြည့်နက်စေသည်။