ချူရှုံယန်မို:“အနှေးရထား”စီးကာချမ်းသာမည့်လမ်းဆီဦးတည်
2023-01-17 source:Mingala news



ဇန်နဝါရီလ၁၅ရက်နေ့တွင်ကူမင်းမှထွက်ခွာလာသောယူနန်ပြည်နယ်ချူရှုံခရိုင်ယန်မိုအနောက်ပိုင်း“အနှေးရထား”၇၄၆၆သည်လုံကူတျန့်ဘူတာသို့ရောက်ရှိခဲ့သည်။တစ်နာရီလျှင်ကီလိုမီတာ၅၀သာအမြန်နှုန်းရှိသော၇၄၆၆ရထားသည်အမည်မှာ“အနှေးရထား”ဖြစ်သော်လည်းဤ“အနှေးရထား”သည်အမှန်တကယ်ပင်လိုင်းတလျှောက်ရှိပြည်သူများကိုကြီးမားသောအဆင်ပြေချောမွေ့မှုအားယူဆောင်လာပေးသည်။၂၇နှစ်တာကာလအတွင်းဤရထားတွဲသည်ရပ်ဆွေရပ်မျိုးတို့၏ချမ်းသာခြင်းရထားဖြစ်သကဲ့သို့ကလေးများ၏ကျောင်းရထား၊ဟင်းရွက်စိုက်တောင်သူတို့၏လုပ်ငန်းခွင်အသွားအပြန်ရထားဖြစ်ခဲ့သည်။