မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ လန်ချန်း-မဲခေါင် စီမံကိန်း ၇ ခု တရားဝင် စတင်လိုက်ပြီဖြစ်
2023-01-17 source:Mingala news


မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်တွင် အတည်ပြုထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ပရောဂျက် စတင်ခြင်း အခမ်းအနားကို နေပြည်တော်တွင် ၁၃ ရက်နေ့က ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် လန်ချန်း-မဲခေါင် ပရောဂျက် အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် သိသာထင်ရှားသော အကူအညီများ ပေးဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အမျိုးသားညှိနှိုင်းရေးအဖွဲ့အစည်းမှ ဒုတိယညွှန်ကြားရေးမှူး ဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အတိုင်ပင်ခံ ၀န်ကြီး ကျိမ့်ကျစ်ဟုန်က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ဝမ်းနည်းမှုဝမ်းသာမှု ကံကြမ္မာတူ မျှဝေခံစားသည့် အသိုက်အဝန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
2022 ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံဘက်မှ “လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက် သန်းနှင့်ချီသော လုပ်ဆောင်ချက်အစီအစဉ်” ကို အကောင်အထည်ဖော်မည်ဟု ကြေညာခဲ့သည်။