ယူနန်ပြည်နယ် ရွာ၏ နှစ်သစ်ပထမဆုံး ဘတ်စကတ်ဘောပွဲအား ကြည့်ရှုလိုက်ပါ
2023-01-05 source:Mingala news


၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ယူနန်ပြည်နယ် သယ်ဟုန် တိုင်လူမျိုး ဂျိမ်းဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယင်ကျန်းခရိုင် ကျစ်းနာ့ရွာ လူရှန်းကျေးရွာကော်မတီ၏ ရှန်းဖိုင်ရွာတွင် ထူးထူးခြားခြား အမျိုးသမီး ဘက်စကတ်ဘောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ရှန်းဖိုင်ရွာသည် လီဆူးလူမျိုးစု၏ ရွာတစ်ရွာဖြစ်ပြီး နှစ်သစ်ကူးတိုင်း ဘတ်စကတ်ဘောကစားသည့်ပွဲဖြစ်သည်။ လူတိုင်းသည် ၎င်းတို့၏ အမျိုးသားဝတ်စုံကို ဂျာစီများအဖြစ် မှတ်ယူကာ လယ်ယာလုပ်ငန်းများကို ချထားခဲ့ပြီး ပြင်းထန်သော ပြိုင်ဆိုင်မှုတွင် ပါဝင်ကြသည်။