မုန်ညှင်းပန်းများနှင့် တရုတ်ပန်းများ ပွင့်လျက်ရှိပြီး အလွန်လှပနေပါသည်
2024-03-19 source:mingala news



နွေဦးရောက်ရှိလာပြန်ပြီဖြစ်ပါသည်။ အကိုင်းအခက်များပေါ်တွင်  ပန်းများပွင့်နေကြပါသည်။  လက်ရှိတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ရီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ  ရှေးဟောင်းသစ်တော ရှုခင်းသာဧရိယာတွင် မုန်ညှင်းပန်းများနှင့် တရုတ်ပန်းများ ပွင့်လျက်ရှိပြီး အလွန်လှပနေပါသည်။  မီတာတစ်ထောင် ရှည်လျားကာ  ထူးဆန်းသော ကျောက်ဆောင်ချိုင့်ဝှမ်းရှိ ပန်းပင်လယ်ကြီးသည် နွေဦးပေါက်ရာသီအတွက်သာ စိတ်ကူးယဉ်ဆန်သည့် အသွင်အပြင်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကို လာရောက်ခံစားရန် ဆွဲဆောင်လျက်ရှိပါသည်။