ယူနန်ပြည်နယ် ဟွမ်လျန်တောင် အမျိုးသား သဘာဝဘေးမဲ့တောမှ ရှားပါး"အိန္ဒိယ သစ်ခွ" ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ
2022-06-10 source:Mingala news



မကြာသေးမီက ယူနန်ပြည်နယ် Huanglian တောင် အမျိုးသားသဘာဝဘေးမဲ့တောတွင် ရှားပါး"အိန္ဒိယ သစ်ခွ" တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။အပင်သည် တိုတောင်းပြီး အရောင်တောက်တောက်ဖြစ်သည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘူတန်နှင့် အခြားနေရာများတွင် အများဆုံးတွေ့ရပြီး ၎င်းအပင်ပေါက်ရောက်ရန်အတွက် အလွန်တင်းကျပ်သောလိုအပ်ချက်များရှိသည်။

ယူနန်ပြည်နယ်ရှိ ဟွမ်လျန်တောင် အမျိုးသားသဘာဝဘေးမဲ့တောသည် အနိမ့်ဆုံးအမြင့် 320 မီတာနှင့် အမြင့်ဆုံးအမြင့် 2,637 မီတာရှိသည်။ ၎င်းသည် "စိမ်းလန်းသောတြိဂံ" ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး တရုတ်၊ ဗီယက်နမ်နှင့် လာအိုတို့၏ လမ်းဆုံဖြစ်သော ဇီဝစင်္ကြံတစ်ခုဖြစ်သည်။