ရှီကျင့်ဖိန် သည် ကမ္ဘာ့အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach နှင့် တွေ့ဆုံ
2022-01-27 source:CRI


တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက ပီကင်းမြို့တွင် ကမ္ဘာ့အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach နှင့် တွေ့ဆုံခဲ့ပါသည်။


ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က ၆ နှစ်ကျော်ကြာ ပြင်ဆင်မှုဖြင့် ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်၏ ပြင်ဆင်ရေးလုပ်ငန်းအားလုံး အဆင်သင့်ဖြစ်ပြီ ဖြစ်၍ သတ်မှတ်ထားသည့်အချိန်အတိုင်း ကျင်းပမည် ဖြစ်ကြောင်း၊ မိမိတို့သည် ကတိပြုချက်အတိုင်း ရိုးရှင်း၊ လုံခြုံ၊ ရသမြောက်သော အိုလံပစ်အားကစားပွဲတော်ကြီးကို တစ်ကမ္ဘာလုံးထံသို့ ပြသမည် ဖြစ်ကြောင်း၊ ၎င်းမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်နောက်ပိုင်း သတ်မှတ်ထားသည့်အချိန်အတိုင်း ကျင်းပမည့် ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ အထွေထွေ အားကစားပွဲတော်ကြီး ဖြစ်ကြောင်း၊ ပိုမြန်၊ ပိုမြင့်၊ ပိုအားကောင်း၊ ပိုစည်းလုံး ညီညွတ်ခြင်းဟူသော အိုလံပစ်စကားမွန်သစ်ကို အောင်မြင်စွာ လက်တွေ့ကျအကောင် အထည်ဖော်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဥက္ကဋ္ဌ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပခြင်းသည် တရုတ်ပြည်သူများ ထောက်ခံမှု ရရှိသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုလည်း ရရှိကြောင်း၊ မိမိတို့သည် အားကစား သမားများအား ဗဟိုပြုပြီး အားကစားကွင်း စသည့် Hardware နှင့် Software အာမခံ ပေးမှုကို တတ်နိုင်သမျှ လုပ်ဆောင်ပေးကာ ဘက်စုံဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ မိမိတို့သည် ပြိုင်ပွဲဝင် အားကစားသမားနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ တရုတ်ပြည်သူများ၏ ကျန်းမာရေးကို အာမခံပေးရန် ယုံကြည်စိတ် အပြည့်အဝရှိကြောင်း ပြောကြားခဲ့ပါသည်။


ဥက္ကဋ္ဌ ရှီကျင့်ဖိန် က အိုလံပစ်အားကစားမှ အဆိုပြုသော ပိုစည်းလုံးညီညွတ်ခြင်း မှာ ယခုခေတ် အလိုအပ်ဆုံး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အိုလံပစ်အားကစားနှင့်လူသား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန် အကျိုးပြုစွမ်းဆောင်မှုသစ်ကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဥက္ကဋ္ဌ Thomas Bach က တရုတ်နိုင်ငံသက်ဆိုင်ရာဌာနနှင့် တရုတ်ပြည်သူများ၏ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ပြင်ဆင်ရေးလုပ်ငန်းအားလုံး အလွန်ချောမောကြောင်း၊ အားကစားကွင်း ကောင်းမွန်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်း ပြည်စုံကာ အစဉ်တစိုက်လည်ပတ်နိုင် သော သဘောတရား ခေတ်မီသဖြင့် အံ့ဖွယ်ရာပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။