ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ နီပေါ နိုင်ငံများ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ တိုးတက်လာခဲ့
2021-11-25 source:ဆင်ဟွာ



ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDC) စာရင်းဝင် နိုင်ငံများမှ ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ နီပေါ နိုင်ငံတို့သည် တိုးတက်လာခဲ့သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံက နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။ဆုံးဖြတ်ချက်တစ်ရပ်တွင် COVID-19 ရိုက်ခတ်မှုကြောင့် ခံရသည့် စီးပွားရေး နှင့် လူမှုရေးထိခိုက်မှုအား ကုစားမည့် မူဝါဒများ နှင့် မဟာဗျူဟာများအား အကောင်အထည်ဖော်ခြင်း နှင့် COVID-19 ရောဂါဖြစ်ပွားမှုနောက်ပိုင်း ပြန်လည်ထူထောင်ရေး စီစဉ်နေချိန်တွင် နိုင်ငံများအနေဖြင့် တိုးတက်ရေးအတွက် ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်နှင့်အညီ တိုးတက်ရေးအတွက် ဦးတည်သော ကြိုတင်ပြင်ဆင်မှုကာလ ၅ နှစ် နှင့်အတူ အထူးအခြေအနေတစ်ရပ်ဖြင့် အထွေထွေညီလာခံက ယင်းနိုင်ငံ သုံးနိုင်ငံအား ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


စံသတ်မှတ်သည့် ကြိုတင်ပြင်ဆင်ချိန်သည် သုံးနှစ်ဖြစ်ကြောင်း သိရသည်။ယင်းဆုံးဖြတ်ချက်သည် ပြင်ဆင်မှုကာလသက်တမ်းတိုးခြင်းအား စည်းကမ်းထုတ်ထားခြင်း မရှိဘဲ သုံးနှစ်တစ်ကြိမ် LDC စာရင်းအား ပြန်လည်သုံးသပ်ရန် တာဝန်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီက ၂၀၂၄ သုံးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှုရလဒ်ကို ဆိုင်းငံ့ထားကြောင်း သိရသည်။


ယင်းနိုင်ငံ သုံးနိုင်ငံကို ၅ နှစ်တာကာလအတွင်း ကုလသမဂ္ဂ စနစ်၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းတို့၏ အမျိုးသားအဆင့် ချောမွေ့သည့် အသွင်ကူးပြောင်းရေးမဟာဗျူဟာ နှင့် ၎င်းတို့၏ နှစ်ဦးနှစ်ဘက် ၊ ဒေသတွင်း နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှင့် ကုန်သွယ်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပြင်ဆင်မှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။


ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ တိုးတက်လာခြင်းသည် ယင်းနိုင်ငံ သုံးနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ၊ ညွှန်ကြားမှုများ နှင့် စီမံကိန်းများအား အနှောက်အယှက်ဖြစ်စေခြင်း သို့မဟုတ် ပြောင်းပြန်ဖြစ်သွားခြင်း ရလဒ် မဖြစ်သင့်ကြောင်း ဆုံးဖြတ်ချက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်။


ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီသည် LDC အဆင့်အတန်းအား ဆုံးဖြတ်ရန် သတ်မှတ်ချက်သုံးရပ်အား အသုံးပြုသည်။ယင်းသတ်မှတ်ချက် သုံးရပ်မှာ တစ်ဦးချင်းဝင်ငွေ ၊ လူပုဂ္ဂိုလ်တို့၏ ပိုင်ဆိုင်မှုများ နှင့် စီးပွားရေး ထိခိုက်မှုသက်ရောက်နိုင်ချေ တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)