တရုတ်- မြန်မာ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအွန်လိုင်းဆွေးနွေးပွဲကျင်းပ
2021-11-25 source:Chinese Embassy in Myanmar



တရုတ်နိုင်ငံယူနန် - မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Ms. Li Xiaoyan တက်ရောက်ခဲ့သည်။


တရုတ်ဘက်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီပြီး ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအသစ်ထူထောင်ခဲ့ကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာသစ်ရေးသားခဲ့ကြောင်း၊ ယနေ့တိုင် တရုတ်ဘက်က မြန်မာဘက်သို့ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးမှုသည် မြန်မာနိုင်ငံကလက်ခံရရှိသော Vaccine စုစုပေါင်းအရေအတွက်၏ ၉၆% ကျော်ရှိပြီး မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပေးခဲ့ကြောင်း၊ သမ္မတ Mr. Xi Jinping က တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်ထိပ်သီးအစည်းဝေးတွင်ပြောကြားသည့်ကတိပြုမှုကို တရုတ်ဘက်ကတက်တက်ကြွကြွဖော်ဆောင်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများထံ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများပေးသွားမည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်ကလည်း မြန်မာနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားပြီး တရုတ်-မြန်မာပြည်သူကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူနှင့်ကုန်ပစ္စည်းများသွားလာမှု ဆောလျင်စွာပြန်လည်ဖော်ဆောင်ရန်ကူညီပေးပြီး နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏အတူကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မန်မံလမ်းကြောင်းတွင် ယမန်နေ့မှစ၍ ကားများပြန်လည်ဖြတ်သန်းနေပြီဖြစ်ပြီး မကြာတော့မည့်ကာလတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို စနစ်တကျပြန်လည်ဖော်ဆောင်နိုင်မည်ဟုမျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ပံ့ပေးမှုနှင့်ကူညီပေးမှုကို မြန်မာဘက်ကလွန်စွာချီးကျူးပြီး တရုတ်ဘက်ကမြန်မာဘက်အတွက် Vaccine စသည့် အရေးပါကုသရေးပစ္စည်းထောက်ပံ့ကူညီပေးမှုကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ မြန်မာဘက် ယူနန်ပြည်နယ်နှင့်အတူ ချိတ်ဆက်မှုကိုမြှင့်တင်ပြီး နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ယန္တရားရဲ့အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ ၁၀၅ မိုင် ကိုဗစ်-၁၉ ကုသရေးစင်တာကို ကောင်းမွန်စွာအသုံးပြု၍ ကပ်ရောဂါအချက်အလက်အတူမျှဝေခြင်းနှင့် နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်ပြီး နယ်စပ်ကုန်သွယ်ရေးဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်တဲ့အခြေအနေဖန်တီးပေးသွားမည်ဖြစ်သည်။


အဆိုပါဆွေးနွေးပွဲကိုယူနန်ပြည်နယ်အစိုးရနိုင်ငံခြားရေးရုံးမှကြီးမှူးကျင်းပပြီး နှစ်နိုင်ငံကျန်းမာရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးစသည့်သက်ဆိုင်ရာဌာနနှင့် ဒေသန္တရအစိုးရကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။