တရုတ်ပြည် စီးပွားရေး ရေရှည်တိုးတက်ရန် အခြေအနေပေါ်ထွက်ပြီဟု တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနဆို
2021-10-18 source:CRI


ယခုလ ၁၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ယခုနှစ် ပထမ ၉ လအတွင်း အမျိုးသားစီးပွားရေး လည်ပတ်မှု အခြေအနေကို ရှင်းလင်းဖေါ်ပြခဲ့ပါသည်။


တရုတ်နိုင်ငံတော်စာရင်းအင်းဌာနပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသားစီးပွားရေးအထွေထွေ စာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဖူလင်ဟွေက တရုတ်ပြည် စီးပွားရေး ရေရှည် တိုးတက်နိုင်ရန် အခြေအနေ ပေါ်ထွက်နေပြီ ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အခြေအနေတွင် မတည်မငြိမ်ဖွယ်ရာအကြောင်းရပ် များပြားသဖြင့် တရုတ်ပြည် စီးပွားရေး တည်ငြိမ်စွာ လည်ပတ်ရေးတွင် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရကြောင်း၊ ဆက်လက်ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ၏ မူဝါဒစီမံချက်များအရ၊ ဖွံ့ဖြိုး တိုးတက်ရေးအတွေးအခေါ်သစ်ကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်မည် ဖြစ်ပြီး စီးပွားရေးတည်ငြိမ်စွာ နာလန်ပြန်ထူရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။