တရုတ်-လာအိုရထားလမ်းအတွက် “လန်ချန်း”ကျည်ဆန်ရထားကြီးအား ဗီယင်ကျန်းမြို့တွင် လွှဲပြောင်းပေးအပ်
2021-10-18 source:ဆင်ဟွာ



တရုတ်-လာအို နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်သွားသည့် “လန်ချန်း”ကျည်ဆန်ရထားကြီးအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


“လန်ချန်း”ကျည်ဆန်ရထားတွဲကြီးကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ပြီးစ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာကြီးသို့ ပို့ဆောင်၍ Laos-China Railway Co., Ltd သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



တရုတ်-လာအို နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်ပြီးနောက် လာအိုနိုင်ငံမြောက်ပိုင်းနယ်စပ်မြို့လေး Botenတွင် ရပ်နားသည့် “လန်ချန်း”ကျည်ဆန်ရထားကြီးအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)



လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် “လန်ချန်း”ကျည်ဆန်ရထားအား အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)



လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် “လန်ချန်း”ကျည်ဆန်ရထားအရှေ့၌ လူငယ်နှစ်ဦး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးနေသည်ကို အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)



လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် “လန်ချန်း”ကျည်ဆန်ရထားအရှေ့၌ လူငယ်နှစ်ဦး အမှတ်တရ ဓါတ်ပုံ ရိုက်ကူးနေသည်ကို အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)



တရုတ်-လာအို နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်သွားသည့် “လန်ချန်း”ကျည်ဆန်ရထားကြီးအား အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် “လန်ချန်း” ကျည်ဆန်ရထား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်း၊ လာအိုနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး Viengsavath Siphandone တို့ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက အမှာစကားပြောကြားခဲ့ရာ ယနေ့ လာအိုနိုင်ငံသည် သမိုင်းတွင် ပထမဆုံး ခေတ်မီရထားတွဲကြီးကို ကြိုဆိုခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-လာအို ရထားလမ်းတည်ဆောက်မှု၏ အဆုံးအဖြတ်ပေးနိုင်သည့်တိုးတက်မှု ဖြစ်သလို တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း” မဟာဗျူဟာနှင့် ချိတ်ဆက်ထားသော ပြယုဂ်အောင်မြင်မှုဖြစ်ကြောင်း ဆိုသည်။

လက်ရှိတည်ဆောက်မှုတိုးတက်ရေးအခြေအနေအရ ဆိုလျှင် လာအိုနိုင်ငံဘက်က ဒီဇင်ဘာ ၂ ရက် လာအိုအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်အခါသမယတွင် တရားဝင်ရထားပြေးဆွဲနိုင်အောင် အကောင်အထည်ဖော်ရေး အဆိုပြုထားရာ မိမိတို့အနေဖြင့် အားတက်ရပါကြောင်းနှင့် လာအိုနိုင်ငံနှင်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက်ပိုင်း ဗီယင်ကျန်းမှ တရုတ်-လာအိုနယ်စပ်၏ ခရီးအကွာအဝေးသည် ၂ ရက် ကြာရာမှ ၃ နာရီဖြင့် ရောက်ရှိနိုင်မည်ဖြစ်သလို ကူမင်းသို့ဆိုလျှင် နံနက်၌ ထွက်ခွာပါက ညနေတွင် ရောက်ရှိနိုင်မည်ဖြစ်ရာ နှစ်နိုင်ငံအကြား အပြန်အလှန်ချိတ်ဆက်မှုများက ခုန်ပျံကျော်လွှားတိုးတက်မည့် အခြေအနေကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ကျန်းကျိုက်တုန်းက ပြောကြားခဲ့သည်။


လာအိုနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး Viengsavath Siphandone က ကျည်ဆန်ရထား(EMU) ၏ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှုသည် လာအို-တရုတ် ရထားလမ်းတည်ဆောက်မှု၏ အဓိကအခန်းဏ္ဍတွင်ပါဝင်ကြောင်း၊ လာအိုနိုင်ငံအစိုးရအနေဖြင့် အထူးအလေးထားပါကြောင်း ၊ ဒီဇိုင်းရေးဆွဲမှုများအား သမ္မတ Thongloun Sisoulith ကိုယ်တိုင် စီစဉ်စိစစ်ခဲ့သလို ရထား၏နာမည်ကိုလည်း ဝန်ကြီးချုပ် Phankham Viphavanh က အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “လန်ချန်း” ကျည်ဆန်ရထားကြီး အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခြင်းသည် လာအို-တရုတ် ရထားလမ်းစီမံကိန်း၏ တည်ဆောက်ရေးကာလမှ အသုံးချလည်ပတ်ရေးကာလသို့ ကူးပြောင်းခြင်း၏ အမှတ်သင်္ကေတဖြစ်ပြီး လာအိုနိုင်ငံ၏ ရထားလမ်းပို့ဆောင်ရေး ခေတ်သစ်ကာလသို့ဝင်ရောက်ပြီဖြစ်သည်ကို ကြေညာအပ်ပါကြောင်း၊ လာအိုပြည်သူများက လည်းလမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးပြုပြင်ပြောင်းလဲသည့် ခေတ်သစ်ကို ကြိုဆိုကြကြောင်း ပြောကြားခဲ့သည်။


လာအို-တရုတ် ရထားလမ်း တည်ဆောက်ပြီးစီးသည့်အခြေခံပေါ်တွင် ကောင်းစွာအသုံးချလည်ပတ်နိုင်ရန်၊ ဖွံ့ဖြိုးလာရန် နှစ်နိုင်ငံ လက်တွဲအတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လာအို-တရုတ် ရထားလမ်းတည်ဆောက်မှုကို နှစ်နိုင်ငံ ချစ်ကြည်ရေး၏ပြယုဂ်စီမံကိန်းအဖြစ် နှစ်နိုင်ငံပြည်သူများ၏အကျိုးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Phankham Viphavanh က ပြောကြားခဲ့သည်။

“လန်ချန်း” ဟူသောအမည်သည် လာအိုရှေးခေတ် လင်းဇင်းပြည်နှင့် တရုတ်-လာအို နှစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် လန်ချန်းမြစ်ကို အရင်းခံခြင်းဖြစ်ပြီး နှစ်နိုင်ငံ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ မိတ်ဖက်ကောင်းဆက်ဆံရေး အတိတ်နိမိတ်ရှိကြောင်း သိရသည်။ “လန်ချန်း” ကျည်ဆန်ရထား၏ကိုယ်ထည်ကို လာအိုနိုင်ငံ၏အလံအရောင်ဖြစ်သည့် “အနီ၊ အပြာ၊ အဖြူ” သုံးရောင်ချယ်သထားသည်။ ရထားအတွင်း ဒီဇိုင်းရေးဆွဲမှုကို တရုတ်-လာအို ရိုးရာယဉ်ကျေးမှုနှင့်အမျိုးသားယဉ်ကျေးမှုအလှအပများပါဝင်ရာ လာအိုပြည်သူများ၏အနာဂတ်လှပမှုမျှော်မှန်းချက်နှင့် တရုတ်-လာအို နှစ်နိုင်ငံပြည်သူများ၏ချစ်ကြည်ရေးကို ဖော်ဆောင်လျက်ရှိသည်။


ယခုအကြိမ် လွှဲပြောင်းပေးအပ်သည့် “လန်ချန်း”ကျည်ဆန်ရထားကို တရုတ်နိုင်ငံ CRRC Group မှ ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နာရီလျှင် အမြင့်ဆုံး ၁၆၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ရထားတွဲ ၉ တွဲ ပါရှိရာ လူ ၇၂၀ ဦး လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။


တရုတ်-လာအို ရထားလမ်း အလုံးစုံကို တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့်နည်းပညာစံချိန်စံညွှန်းများအတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင်အမြင့်ဆုံး ၁၆၀ ကီလိုမီတာမောင်းနိုင်သည့် ခရီးသည်နှင့်ကုန်ပစ္စည်းနှစ်မျိုးလုံး သယ်ယူပို့ဆောင်နိုင်သော လျှပ်စစ်ရထားလမ်းဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဘက်စုံစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)