ဒုတိယ အကြိမ် ကုလသမဂ္ဂ ကမ္ဘာ့ ဆက်တိုက်ဆောင်ရွက်နိုင်သော လမ်းပန်းဆက်သွယ်ရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား
2021-10-15 source:CRI


ယခုလ ၁၄ရက်နေ့ညက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို အသွင်ပုံစံဖြင့် ဒုတိယ အကြိမ် ကုလသမဂ္ဂ ကမ္ဘာ့ ဆက်တိုက်ဆောင်ရွက်နိုင်သော လမ်းပန်းဆက်သွယ်ရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားသည်။


ရှီကျင့်ဖိန်က လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေးသွေးကြောနှင့် ယဉ်ကျေးမှု ပေါင်းကူးတံတား ဖြစ်ကြောင်း၊ ရှေးခေတ်က ရှေးဟောင်းပိုးလမ်းမကြီးနှင့် ပင်လယ်ခရီးသွားလမ်းကြောင်းမှ ယနေ့ခေတ်က ခေတ်မီလမ်းပန်းဆက်သွယ်ရေး ကွန်ရက်အထိ လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေး ရောနှော ပေါင်းစပ်ခြင်းနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တွန်းအားပေးပြီး ကမ္ဘာကို ရင်းနှီးစွာ ဆက်စပ်နေသော “ကမ္ဘာမြေကြီးရွာ” ဖြစ်လာစေကြောင်း အလေးထား ပြောကြားသည်။


ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် နှစ်ပေါင်း၁၀၀၌ မကြုံစဖူး ကြီးမားသည့် ပြောင်းလဲမှု အခြေအနေနှင့် မကြုံစဖူး ဆိုးရွားသည့် ကပ်ရောဂါ အခြေအနေသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ စားဝတ်နေရေး ကောင်းမွန်စေခြင်း အတွက် ဆိုးရွားသော စိန်ခေါ်မှုကို ဆောင်ကြဉ်းလာကြောင်း၊ မိမိတို့သည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် လိုက်လျောညီထွေစေ ပြီး ကမ္ဘာ့ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်း၊ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဆက်သွယ်မှုကို တိုးမြှင့်ပြီး စနစ်နှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ ဆက်သွယ်မှုကိုလည်း တိုးမြှင့်ကာ ကုန်းကြောင်း၊ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် ဆိုက်ဘာနယ်ပယ် ဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုများကို တွန်းအားပေးသင့်ကြောင်း အလေးထား ပြောကြားသည်။


ရှီကျင့်ဖိန်က စမတ် လမ်းပန်းဆက်သွယ်ရေးနှင့် စမတ် ကုန်စည်ပို့ဆောင်ရေးကို အင်တိုက်အား တိုက် ဖွံ့ဖြိုးတိုးတက်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုရှိပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး စနစ်ကို တည်ဆောက်သင့်ကြောင်း၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု ရှိသော ပုံစံ အဖြစ်သို့ ဘက်စုံပြောင်းလဲမှုကို တိုးမြှင့်ခြင်းသည် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရန် ရေရှည်နည်းလမ်း ဖြစ်ကြောင်း အလေးထား ပြောကြားသည်။


ရှီကျင့်ဖိန်က တရုတ်ပြည်သည် စစ်မှန်သော ဘက်ပေါင်းစုံဝါဒကို ဆက်လက် စွဲကိုင်ပြီး ကမ္ဘာနှင့် ဆက်သွယ်ရေး၊ ခေတ်ကာလနှင့် ဆက်နွယ်ထားခြင်းကို စွဲကိုင်ကာ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်သည့် တစ်ချိန်တည်းတွင် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ကြီးမားသည့် အကျိုးပြုစွမ်းဆောင်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

နောက်ဆုံးတွင် ရှီကျင့်ဖိန်က တရုတ်ပြည်သည် တရုတ်ပြည် နိုင်ငံတကာ ဆက်တိုက်ဆောင်ရွက် နိုင်သော လမ်းပန်းဆက်သွယ်ရေး ဆန်းသစ်တီထွင်မှုနှင့် အသိပညာ စင်တာကို ထူထောင်ပြီး ကမ္ဘာ့ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားသည်။