တရုတ်နိုင်ငံ၏ လူတင်အာကာသယာဉ်Shenzhou-13 အောက်တိုဘာ ၁၆ ရက်တွင် လွှတ်တင်မည်ဖြစ်
2021-10-15 source:ဆင်ဟွာ



Shenzhou-13 လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၆ ရက် ပေကျင်းစံတော်ချိန် ၀၀:၃၀ မိနစ်တွင် လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ (CMSA)က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏အာကာသစခန်းတည်ဆောက်ရန်အတွက် အဆိုပါယာဉ်တွင် ကျိုက်ကျစ်ကန်း၊ ဝမ်ရာဖိန်၊ ယဲ့ကွမ်းဖု အာကာသယာဉ်မှူး ၃ ဦး လိုက်ပါသွားမည်ဖြစ်ကြောင်း CMSA လက်ထောက်ညွှန်ကြားရေးမှူး လျင်ရှီးချန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



Shenzhou-13 လူတင်အာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံအတွဲအား ယာဉ်လွှတ်တင်ရေးနေရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ကို အောက်တိုဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)



Shenzhou-13 လူတင်အာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံအတွဲအား ယာဉ်လွှတ်တင်ရေးနေရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ကို အောက်တိုဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)


အာကာသယာဉ်မှူးများသည် အာကာသတွင် ၆ လကြာနေထိုင်သွားမည်ဖြစ်ရာ ၎င်းမှာ တရုတ်အာကာသယာဉ်သမိုင်းတွင် နေထိုင်သည့်အချိန် အကြာရှည်ဆုံးဖြစ်သည်။


ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်ပြီးနောက် Shenzhou-13သည် ဂြိုဟ်ပတ်လမ်းရှိ အာကာသစခန်း ပင်မခန်း Tianhe လျင်မြန်စွာ အလိုအလျောက် ချိတ်ဆက်မည်ဖြစ်ရာ Tianheနှင့်အတူ ကုန်တင်အာကာသယာဉ်များဖြစ်ကြသည့် Tianzhou-2၊ Tianzhou-3 တို့နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။


Shenzhou-13 အာကာသယာဉ်မှူးများသည် အာကာသစခန်းပင်မခန်းတွင် ၆ လကြာနေထိုင်သွားမည်ဖြစ်ပြီး ကမ္ဘာမြေ၏အချိန်ဇယားအတိုင်း နေထိုင်အလုပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း လျင်ရှီးချန်က ဆိုသည်။


Shenzhou-13ကို လက်ရှိပျံသန်းရေးမစ်ရှင်အတွက် ပြင်ဆင်နေသည့် Long March-2F သယ်ဆောင်ရေးဒုံးပျံနှင့် လွှတ်တင်မည်ဖြစ်ကြောင်း လျင်က ပြောကြားခဲ့သည်။ (Xinhua)