ယူနန်ပြည်နယ် ကူမင်းမြို့ “ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး ပဋိညာဉ်စာချုပ်” ၁၅ကြိမ်မြောက် စာချုပ်ဝင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်လှစ်ပြီး၊ တရုတ်ပြည်၏ လက်တွေ့ ဆောင်ရွက်မှုများသည် ကျယ်ပြန်သော လက်ခံအတည်ပြုမှု ရရှိ
2021-10-12 source:CRI




“ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး ပဋိညာဉ်စာချုပ်” ၁၅ကြိမ်မြောက် စာချုပ်ဝင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမအဆင့် စည်းဝေးပွဲကို ယခုလ ၁၁ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။


နိုင်ငံ ၁၄၀ ကျော်မှ ကိုယ်စားလှယ် ၄၀၀၀ ကျော်တို့သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း အသွင်ပုံစံ ၂ မျိုးဖြင့် ယခုအကြိမ် “ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေး ပဋိညာဉ်စာချုပ်” ၁၅ ကြိမ်မြောက် စာချုပ်ဝင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြသည်။ ယခုအကြိမ် အစည်းအဝေး၏ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သည် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိမှု ထိန်းသိမ်းကာကွယ်ရေးဘက်တွင် အောင်မြင်သော လက်တွေ့ ဆောင်ရွက်မှု များသည် အစည်းအဝေးတက်ရောက်သူများ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်ဟု သတင်းအရ သိရသည်။