တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine ၄ သန်း ရန်ကုန်သို့ပို့ဆောင်ရောက်ရှိ
2021-10-08 source:Chinese Embassy in Myanmar






အောက်တိုဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရက ဝယ်ယူသည့် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ တရုတ်နိုင်ငံ Sinopharm Group ထံမှ ဝယ်ယူသည့် ကိုဗစ်-၁၉ Vaccine ၂၄ သန်းတွင် လက်ရှိ၌ သုံးသုတ်ခွဲ၍ စုစုပေါင်း ၁၂ သန်း ပို့ဆောင်ရောက်ရှိပြီးဖြစ်သည်။




မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် တရုတ် Vaccine ကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးစျေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးခဲ့ပါသည်။ လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ Vaccine Doses ၂၀.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၁၆.၇ သန်းသည် မြန်မာနိုင်ငံမှဝယ်ယူခြင်းဖြစ်သည်။