ပန်းမန်အလှတရားတွင် နစ်မျောမည့် ယနေ့နွေကူးညချိန်ခါ

တရုတ်နက္ခတ္တသက္ကရာဇ်အရ ယနေ့(မတ်လ ၂၁ ရက်နေ့) နံနက်(၅)နာရီ(၅၈)မိနစ်တွင် တရုတ်(၂၄)ရာသီစက်၏ စတုတ္ထရာသီစက်ဖြစ်သော နွေကူးညချိန်ခါသို့ ရောက်ရှိပါသည်။

“နွေကူးညချိန်ခါရောက်ချိန်”မှာ တရုတ်နိုင်ငံရှေးခေတ်တွင် အစောဆုံးသတ်မှတ်ထားသော ရာသီစက်ဖြစ်သည်။ ယနေ့မှစ၍ နေ့တာသည် တဖြည်းဖြည်း ရှည်လာကာ ညတာမှာ တဖြည်းဖြည်းတိုလာသည်။

နွေကူးညချိန်ခါရောက်ချိန်၏ ရိုးရာဓလေ့ထုံးစံများ

စွန်လွှတ်ခြင်း ။ ။ “နွေကူးညချိန်ခါရောက်ချိန်”တွင် ကလေးများစွန်လွှတ်ရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။ နူးညံ့သိမ်မွေ့သည့် လေပြေလေညှင်းတိုက်ခတ်နေသောကွင်းပြင်တွင် အားပါးတရ ပြေးလွှားနိုင်သည်။ လေထဲတွင် မြူးမြူးကြွကြွ လွင့်ပျံလျက်ရှိသောစွန်များဖြင့် ကလေးများ၏ ဖြူစင်လှသောသဘောထားနှင့် အနာဂတ်အတွက် ကောင်းမွန်သောမျှော်မှန်းချက်ကို ဖော်ပြနေပါသည်။

ကြက်ဥထောင်ထားခြင်း ။ ။ “နွေကူးညချိန်ခါရောက်ချိန်တွင်၊ ကြက်ဥထောင်သည်”ဟူသောဓလေ့သည် တရုတ်နိုင်ငံ၏ ရိုးရာဓလေ့ထုံးစံတစ်ခုဖြစ်ပါသည်။ မှတ်တမ်းတင်အရ ဤဓလေ့ထုံးစံသည် လွန်ခဲ့သောနှစ်(၄၀၀၀)ကျော်ကတည်းက ရှိခဲ့သည်။ ပြည်သူများသည် ပြောင်ချောနေသောမျက်နှာပြင်ရှိသည့် ကြက်ဥတစ်လုံးကို စားပွဲပေါ်တွင် ညင်သာစွာဖြင့် ထောင်လိုက်ခြင်းဖြင့် ချောမွေ့မျှတသည့်ဘ၀ ရရှိပိုင်ဆိုင်စေသည်ဟူ၍ ယူဆသည်။

နွေဦးဟင်းသီးဟင်းရွက်စားသုံးခြင်း ။ ။ “နွေဦးဟင်းသီးဟင်းရွက်”သည် ဟင်းနုနွယ် တစ်မျိုးဖြစ်သည်။ နွေကူးညချိန်ခါရောက်ချိန်တွင် လူများသည် ဟင်းနုနွယ်ကို ခူးယူလေ့ရှိသည်။ ငါးအသားလွှာနှင့် ချက်ပြုတ်ကာ“နွေဦးဟင်းချိုရည်”ဟု အမည်မှည့်ခေါ်သည်။ “နွေဦးဟင်းချိုရည်သောက်လိုက်လျှင် ကျန်းမာရေးအတွက် ကောင်းသည်”ဟု ဆိုလိုရာ လူများသည် ဟင်းနုနွယ်စားခြင်းဖြင့် ကျန်းမာသန်စွမ်းနိုင်ပါစေဟု ဆုတောင်းပေးတတ်ကြပါသည်။