OBORသည် တရုတ်၊ ထိုင်း နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ၏ “အမြန်လမ်း” ဖြစ်

OBOR အဆိုတင်သွင်းချက်ကို တွန်းအားပေးသည်နှင့်အတူ တရုတ် ၊ ထိုင်း နှစ်နိုင်ငံ စီးပွားကုန်

သွယ်ရေးဘက်တွင် ပူးပေါင်းဆောင်ရွက်မှု“အမြန်လမ်း”ကို ဝင်ရောက်သည်။ ထိုင်းနိုင်ငံလူမှုရေးအာမခံ

ဦးစီးဌာန ရုံးဆောင်သစ်ကို ဆောက်လုပ်သော ပရိုဂျက်ကို ဒီဇိုင်းအတိုင်း လက်တွေ့ဆောက်လုပ်ရန် နေ

ရာတွင် ပရိုဂျက်ပထမကာလပိုင်း သုံးငွေခန့်မှန်းခြေ ဘတ်ငွေသန်းပေါင်း ၉၀၀ ကို ရောက်ရှိ၍ ၄၀ နီးပါး

ရှိသော ပြင်းပြသော အပူရှိန်တွင် အလုပ်သမားများသည် မိမိလုပ်ငန်း၌ အကြိတ်အနယ် စနစ်တကျ လုပ်ဆောင်နေပါသည်။

OBORကို အဆိုတင်သွင်းပြီးသည့်နောက် ပင်လယ်ရပ်ခြားသို့ သွားရောက်သော တရုတ်လုပ်

ငန်းများသည် ပိုမိုများပြားလာ၍ ၎င်းထဲတွင် ယူနန်တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု Holding ကုမ္ပဏီ

အုပ်စု(YCIH)လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ထိုင်းနိုင်ငံ လူမှုရေးအာမခံဦးစီးဌာန ရုံးဆောင်သစ် ပရို

ဂျက်သည် YCIH ထိုင်းနိုင်ငံရှိ ကုမ္ပဏီခွဲအနေဖြင့် ထိုင်းနိုင်ငံတွင် ပထမဆုံးသော ပရိုဂျက်ဖြစ်သည်။

၂၀၁၆ ခုနှစ် စာရင်းအချက်အလက်အရ တရုတ်၊ထိုင်း နှစ်နိုင်ငံ အရောင်းအဝယ်ငွေကြေးပမာ

ဏသည် အမေရိကန်ဒေါ်လာ ၇၆.၉၅၇ ဘီလီယံအထိ ရောက်ရှိ၍ ယခုချိန်တွင် တရုတ်နိုင်ငံသည် ထိုင်း

နိုင်ငံအတွက် အကြီးဆုံးသော ကုန်သွယ်မှုတင်သွင်းရေးနိုင်ငံဖြစ်ရာ သွင်းကုန်စုစုပေါင်းပမာဏသည် အ

မေရိကန်ဒေါ်လာ ၃၈.၂၉၁၅ ဘီလီယံ ဖြစ်သည့်အပြင် တရုတ်နိုင်ငံသည်ထိုင်းနိုင်ငံအတွက် ဒုတိယအ

ကြီးဆုံးသော ကုန်သွယ်မှုတင်ပို့ရေးနိုင်ငံလည်းဖြစ်ကာ ပို့ကုန်စုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်

လာ ၃၈.၆၆၆ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။ ပိုမိုများပြားသော တရုတ်လုပ်ငန်းများသည် ထိုင်း

နိုင်ငံသို့ သွား၍ လုပ်ငန်းကို တွင်ကျယ်စေသည်။ ပြီးခဲ့သော ၅ နှစ် အတွင်း BOI စစ်ဆေးအတည်ပြုခဲ့

သော ပရိုဂျက်များတွင် တရုတ်နိုင်ငံက ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသော ပရိုဂျက်များကို စုစုပေါင်း ၃၀၀

နီးပါး ရှိ၍ ရင်းနှီးမြှုပ်နှံငွေ စုစုပေါင်း ဘတ်ငွေ ၁၂၃ ဘီလီယံ ကျော်ကျော်ရှိရာ သက်ဆိုင်ရာနယ်ပယ်

သည် အလိုအလျောက်ဆောင်ရွက်သော စက်မှုလုပ်ငန်း ၊ Photovoltaic ဓာတ်အားထုတ်ဖော်ရေး ၊ ရာ

ဘာ စသည်တို့ အပါအဝင်ရှိကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွန်းအားပေးရေးကော်မတီ ဒုတိယအတွင်း ရေးမှူးချုပ် အာချာလျင်က ပြောကြားပါသည်။

发表评论

电子邮件地址不会被公开。